Sunday, March 29, 2009

ပဲပြုတ်

ပဲပြုတ် ပြုတ်စားဖို့  ပထမဆုံး အကြိမ် ကြိုးစားကြည့်နေပါတယ်။ ပဲဝယ်လို့ ရလာလို့  ပဲတွေကို တညအိပ် ရေစိမ်ထားပြီး နောက်နေ့ မှာ အ၀တ်ပါးစကို ရေဆွတ်ပြီး ရေစိမ်ထားလို့  ပွနေတဲ့ ပဲလေးတွေကို ထုပ်ထားလိုက်ပါတယ်။ ဒီနေ့  ထုပ်ထားတာ နှစ်ရက်ရှိလို့  ဖွင့်ကြည့်လိုက်တော့ အညှောင့်လေးတွေ ထွက်နေတာကို မြင်လိုက်ရပါတယ်။ ပိုသေချာအောင်၊ အညှောင့်လေးတွေ ပိုရှည်လာအောင် မနက်ဖြန် မနက်အထိ စောင့်ပြီးမှပဲ ပြုတ်တော့မယ်။
မနက်ဖြန်ကျမှ ပဲပြုတ် ဆီစမ်း၊ ပဲ ပလာတာ၊ ပဲနဲ့ မျှစ်ကြော်၊ အမျိုးမျိုး ချက်စားပြီး ဘလော့ဂ် ထဲမှာလဲ ပုံတွေ လာတင်ထားရမယ်။

No comments:

Post a Comment